Quran Apps in many lanuages:

Surah Al-Hajj Ayah #78 Translated in Burmese

وَجَاهِدُوا فِي اللَّهِ حَقَّ جِهَادِهِ ۚ هُوَ اجْتَبَاكُمْ وَمَا جَعَلَ عَلَيْكُمْ فِي الدِّينِ مِنْ حَرَجٍ ۚ مِلَّةَ أَبِيكُمْ إِبْرَاهِيمَ ۚ هُوَ سَمَّاكُمُ الْمُسْلِمِينَ مِنْ قَبْلُ وَفِي هَٰذَا لِيَكُونَ الرَّسُولُ شَهِيدًا عَلَيْكُمْ وَتَكُونُوا شُهَدَاءَ عَلَى النَّاسِ ۚ فَأَقِيمُوا الصَّلَاةَ وَآتُوا الزَّكَاةَ وَاعْتَصِمُوا بِاللَّهِ هُوَ مَوْلَاكُمْ ۖ فَنِعْمَ الْمَوْلَىٰ وَنِعْمَ النَّصِيرُ
၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏(သာသနာတော်အရေးတွင်) ထိုအရေးကိစ္စ၌ သက်စွန့်ကြိုးပမ်းဆောင်ရွက်ရန် တာဝန်ရှိသည်နှင့်အညီ သက်စွန့်ကြိုးပမ်းဆောင်ရွက်(၍နေ)ကြလေကုန်။ ထိုအရှင်မြတ်သည် အသင်တို့အား ရွေးချယ်တော်မူခဲ့ပေသည်။ ၄င်းပြင် ထိုအရှင်မြတ်သည် အသင်တို့၏ဖခင်(နဗီတမန်တော်)အိဗ်ရာဟီမ်၏ သာသနာ့နည်းတူ အသင်တို့အပေါ်၌လည်း "ဒီန်"သာသနာတော်၌ မည်သည့်ကျပ်တည်းခဲယဉ်းမှု တစ်စုံတစ်ရာကိုမျှပင် ပြုတော်မမူခဲ့ချေ။ ရစူလ်တမန်တော်မြတ်(မုဟမ္မဒ်)သည် အသင်တို့နှင့် ပတ်သက်၍ အသိသက်သေ ဖြစ်အံ့သောငှာ လည်းကောင်း၊အသင်တို့သည်လည်း လူခပ်သိမ်းတို့နှင့်ပတ်သက်၍ အသိသက်သေများ ဖြစ်ကြအံ့သောငှာ လည်းကောင်း၊ ထိုအရှင်မြတ်သည်ပင် အသင်တို့အား ယခင်ကလည်း (မွတ်စ်လင်မ်များဟူ၍ အမည်ပညတ်တော်မူခဲ့ပေသည်)။ (ယခု)ဤ(ကုရ်အာန်ကျမ်းတော်မြတ်)တွင်လည်း "မွတ်စ်လင်မ်" များဟူ၍ပင် အမည်ပညတ် ထားတော်မူလေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် "ဆွလာတ်"ဝတ်ပြုမှုကို ဆောက်တည်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် "ဇကာတ်"ကိုလည်း ပေးဆောင်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် (မိမိတို့အရေးကိစ္စတို့တွင်) အလ္လာဟ်အရှင်မြတ်အားသာလျှင် စွဲမြဲစွာ ဆုပ်ကိုင်ထားကြလေကုန်။ ထိုအရှင်မြတ်သည်ပင် အသင်တို့၏ကိစ္စအဝဝကို ပြီးစီးအောင် ဆောင်ရွက်ပေးတော်မူသောအရှင် ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ(ထိုအရှင်မြတ်သည်)အဘယ်မျှလောက် ကောင်းမြတ်လှသော၊ ကိစ္စအဝဝကိုပြီးစီးအောင် ဆောင်ရွက်ပေးတော်မူသောအရှင် ဖြစ်တော်မူပါဘိသနသည်း၊ ၄င်းပြင် အဘယ်မျှလောက်ကောင်းမြတ်လှသော၊ ကူညီစောင်မတော်မူသောအရှင် ဖြစ်တော်မူဘိသနည်း။

Choose other languages: