Quran Apps in many lanuages:

Surah Al-Furqan Ayahs #77 Translated in Burmese

أُولَٰئِكَ يُجْزَوْنَ الْغُرْفَةَ بِمَا صَبَرُوا وَيُلَقَّوْنَ فِيهَا تَحِيَّةً وَسَلَامًا
ထို(ဝိသေသဂုဏ်ထူးနှင့် ပြည့်စုံကြကုန်သော ‘ရဟ်မာန်’ ကြီးမားလှသော ကရုဏာတော်ရှင်၏ကျွန်)တို့မှာကား မိမိတို့ တည်တံ့ကြံ့ခိုင်စွာ ရှိခဲ့ကြသည့်အတွက်ကြောင့် (ဂျန္နတ်သုခဘုံ၏)မြင့်မြတ်သော အဆောင်များကိုပင် အစားပေးချီးမြှင့်ခြင်း ခံကြရပေမည်။ ထိုမှတစ်ပါး ထိုသူတို့သည် ယင်းအဆောင်များ၌("မလာအိကဟ်" ကောင်းကင်တမန်များ၏) နှစ်ထောင်းအားရကြောင်း ထုတ်ဖော်ပြောဆိုခြင်းကို လည်းကောင်း၊ ‘စလာမ်’ မေတ္တာပို့ နှုတ်ခွန်းဆက်သခြင်းကို လည်းကောင်း၊ (တွေ့ကြုံစေခြင်း)ခံကြရပေမည်။
خَالِدِينَ فِيهَا ۚ حَسُنَتْ مُسْتَقَرًّا وَمُقَامًا
(၎င်းတို့သည်) ယင်း(‘ဂျန္နတ်’သုခဘုံ၏) မြင့်မြတ်သောအဆောင်များ၌ပင် အမြဲထာဝစဉ် နေထိုင်ကြပေမည်။ ထို(ဂျန္နတ်သုခဘုံ၏)မြင့်မြတ်သော အဆောင်များသည် အလွန်မွန်မြတ်လှစွာသော စခန်းချရာနေရာသည် လည်းကောင်း၊ နေထိုင်ရာနေရာသည် လည်းကောင်း၊ ဖြစ်ပေသည်။
قُلْ مَا يَعْبَأُ بِكُمْ رَبِّي لَوْلَا دُعَاؤُكُمْ ۖ فَقَدْ كَذَّبْتُمْ فَسَوْفَ يَكُونُ لِزَامًا
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါ လေ။ (အို-အချင်းတို့၊) အကယ်၍ အသင်တို့သည် ဆုတောင်းပတ္ထနာမပြုကြလျှင် ငါ့အားဖန်ဆင်းမွေးမြူ တော်မူသော အရှင်မြတ်သည် အသင်တို့အား လုံးဝဂရုစိုက်တော်မူမည် မဟုတ်ပေ။ ယခုသော်ကား ဧကန်မလွဲ အသင်တို့သည် (ရစူလ်တမန်တော်မြတ်အား လည်းကောင်း၊ ကုရ်အာန်ကျမ်းတော်မြတ်ကို လည်းကောင်း၊) မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြပြီးဖြစ်ရာ မကြာမြင့်မီ ယင်းစွပ်စွဲငြင်းပယ်မှုကြောင့် (အသင်တို့အပေါ်၌)အန္တရာယ်ပင် ဖြစ်ချေအံ့သတည်း။

Choose other languages: