Quran Apps in many lanuages:

Surah Al-Furqan Ayahs #73 Translated in Burmese

يُضَاعَفْ لَهُ الْعَذَابُ يَوْمَ الْقِيَامَةِ وَيَخْلُدْ فِيهِ مُهَانًا
ကိယာမသ်"ရှင်ပြန်ထမည့်နေ့တွင် ထိုသူ၌ ပြစ်ဒဏ်သည် တိုးတက်(သက်ရောက်)စေခြင်းကိုခံရမည့်ပြင်၊ ထိုသူသည် အမြဲထာဝရ ယင်းပြစ် ဒဏ်၌ပင် ဂုဏ်သရေယုတ်ညံ့စွာ ခံစားနေရပေမည်။
إِلَّا مَنْ تَابَ وَآمَنَ وَعَمِلَ عَمَلًا صَالِحًا فَأُولَٰئِكَ يُبَدِّلُ اللَّهُ سَيِّئَاتِهِمْ حَسَنَاتٍ ۗ وَكَانَ اللَّهُ غَفُورًا رَحِيمًا
သို့ရာတွင် အကြင်သူသည် (ကာဖိရ်ရှရစ်က်မှ) ၀န်ချတောင်းပန်ပြီး သက်ဝင်ယုံကြည်ခဲ့၍ ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်ခဲ့လျှင်၊ အလ္လာဟ်အရှင်မြတ်သည် ထိုကဲ့သို့သောသူတို့အား ၎င်းတို့ ၏မကောင်းမှုများကို ကောင်းမှုများနှင့် လဲလှယ်၍ ပေးသနားတော်မူပေမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင် ဖြစ်တော်မူ၏။
وَمَنْ تَابَ وَعَمِلَ صَالِحًا فَإِنَّهُ يَتُوبُ إِلَى اللَّهِ مَتَابًا
အမှန်သော်ကား၊ မည်သူမဆို(အပြစ်မှ)ဝန်ချတောင်းပန်၍ ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်ခဲ့ပါမူ ဧကန်မလွဲ ထိုသူသည် အလ္လာဟ်အရှင်မြတ်ဖက်သို့ ပြန်လှည့်သူပင်ဖြစ်ပေ၏။
وَالَّذِينَ لَا يَشْهَدُونَ الزُّورَ وَإِذَا مَرُّوا بِاللَّغْوِ مَرُّوا كِرَامًا
ထို့ပြင် အကြင်သူများပင်။ ထိုသူတို့သည် မလျော်ကန်သောနေရာသို့လည်း သွားရောက်ပါဝင်ကြသည် မဟုတ်ပေ။ (တစ်နည်း) မုသားသက်သေခံကြသည်လည်း မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည် အချည်းနှီးသော အမှုကိစ္စ၏အပါးမှ ဖြတ်သန်း၍ သွားကြလေသောအခါ၊ (မျက်နှာအောက်စိုက်၍) ဣန္ဒြေရှိသူများပီပီ ဖြတ်သန်း၍သွားကြကုန်၏။
وَالَّذِينَ إِذَا ذُكِّرُوا بِآيَاتِ رَبِّهِمْ لَمْ يَخِرُّوا عَلَيْهَا صُمًّا وَعُمْيَانًا
၎င်းပြင် အကြင်သူများပင်၊ ထိုသူတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ အာယတ်တော်များဖြင့် ဆုံးမဩဝါဒပေးခြင်းကို ခံကြရသောအခါ ထိုသူတို့သည် ယင်းအာယတ်တော်များအပေါ်၌ နားပင်းသူများ အဖြစ်လည်းကောင်း၊ မျက်စိကန်းသူများ အဖြစ်လည်းကောင်း၊ ကျလာကြ သည်မဟုတ်ပေ။

Choose other languages: