Quran Apps in many lanuages:

Surah Al-Furqan Ayahs #34 Translated in Burmese

وَقَالَ الرَّسُولُ يَا رَبِّ إِنَّ قَوْمِي اتَّخَذُوا هَٰذَا الْقُرْآنَ مَهْجُورًا
ထို့ပြင် ရစူလ်တမန်တော်မြတ်က "အို-ကျွန် တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊ ဧကန်အမှန် ကျွန်တော်မျိုး၏ အမျိုးသားများသည် ဤကုရ်အာန် ကျမ်းမြတ်တော်ကို စွန့်ပစ်၍ ထားခဲ့ကြပါသည်" ဟု လျှောက်ထားပေမည်။
وَكَذَٰلِكَ جَعَلْنَا لِكُلِّ نَبِيٍّ عَدُوًّا مِنَ الْمُجْرِمِينَ ۗ وَكَفَىٰ بِرَبِّكَ هَادِيًا وَنَصِيرًا
စင်စစ် ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင် နဗီတမန်တော်တိုင်း၌ ပြစ်မှုရှိသူတို့အနက်မှ ရန်သူများ ပြုလုပ်တော်မူခဲ့၏။ စင်စစ် အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည်ပင် တရားလမ်းမှန်သို့ ပို့ဆောင်တော်မူသော အရှင်အဖြစ်လည်းကောင်း၊ ကူညီဆောင်မသူ အဖြစ်လည်း ကောင်း၊ လုံလောက်တော်မူပေသတည်း။
وَقَالَ الَّذِينَ كَفَرُوا لَوْلَا نُزِّلَ عَلَيْهِ الْقُرْآنُ جُمْلَةً وَاحِدَةً ۚ كَذَٰلِكَ لِنُثَبِّتَ بِهِ فُؤَادَكَ ۖ وَرَتَّلْنَاهُ تَرْتِيلًا
၎င်းပြင် ကာဖိရ် သွေဖယ်ငြင်းပယ်သော သူတို့က "အဘယ်ကြောင့် ကုရ်အာန်ကျမ်းတော်မြတ်သည် ထိုသူ၏အပေါ်၌ တစ်ကြိမ်တည်း (အစအဆုံး) အလုံးစုံ ချပေးခြင်းကို မခံခဲ့ရပါသနည်း" ဟု ပြောဆိုကြကုန်၏။ ယင်း(သို့ အလီလီချပေးတော်မူခြင်း)မှာ ငါအရှင်မြတ်သည် အသင်၏စိတ်နှလုံးကို ကြံ့ခိုင်စေတော်မူအံ့သောငှာဖြစ်၏။ ၎င်းပြင် ငါအရှင်မြတ်သည် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို တဖြည်းဖြည်း ဆိုင်းငံ့၍ ချပေးသနားတော်မူခဲ့၏။
وَلَا يَأْتُونَكَ بِمَثَلٍ إِلَّا جِئْنَاكَ بِالْحَقِّ وَأَحْسَنَ تَفْسِيرًا
စင်စစ်သော်ကား ၎င်းတို့သည် အသင့်ထံသို့ မည်မျှပင် အံ့ဖွယ်ထူးဆန်းသော ဥပမာ ပုံဆောင်ချက်ကိုပင် ယူဆောင်၍ လာကြစေကာမူ၊ ငါအရှင်မြတ်သည် တိကျမှန်ကန်သည့်ပြင် ရှင်းလင်းဖော်ပြချက်အားဖြင့် ပိုမို၍ကောင်းမွန်သော (၎င်း၏)အဖြေကို အသင့်ထံသို့ ပို့ဆောင်တော်မူခဲ့သည် ချည်းသာ။
الَّذِينَ يُحْشَرُونَ عَلَىٰ وُجُوهِهِمْ إِلَىٰ جَهَنَّمَ أُولَٰئِكَ شَرٌّ مَكَانًا وَأَضَلُّ سَبِيلًا
ထိုသူတို့ပင် "ဂျဟန္နမ်"ငရဲဘုံသို့ မျက်နှာမှောက်လျက် (တရွတ်တိုက်ဆွဲကာ) ပို့ဆောင်ခြင်းကို ခံကြရပေမည်။ ထိုသူတို့ကား နေရာဌာနအားဖြင့် အဆိုးဆုံးသောသူများ၊ တရားလမ်းစဉ်အားဖြင့် လွန်စွာ မှာ�ယွင်းသောသူများသာ ဖြစ်ကြကုန်သတည်း။

Choose other languages: