Quran Apps in many lanuages:

Surah Al-Fajr Ayahs #27 Translated in Burmese

وَجِيءَ يَوْمَئِذٍ بِجَهَنَّمَ ۚ يَوْمَئِذٍ يَتَذَكَّرُ الْإِنْسَانُ وَأَنَّىٰ لَهُ الذِّكْرَىٰ
၎င်းပြင် ထိုနေ့တွင် "ဂျဟန္နမ်" ငရဲသည် (လူတို့ရှေ့မှောက်ဝယ်) ယူဆောင်လာခြင်းကို ခံရသောအခါ၊ ထိုနေ့တွင် လူသားသည် အသိတရား ရလာပေမည်။ သို့ရာတွင် (ထိုအခါ) သတိတရားရခြင်းသည် အဘယ်မှာလျှင် ၎င်း၌ အကျိုးရှိစေတော့မည်နည်း။
يَقُولُ يَا لَيْتَنِي قَدَّمْتُ لِحَيَاتِي
(ထိုအခါ)လူသားသည် (ဤသို့)ပြောဆို(ညည်းညူ)ပေလိမ့်မည်။ ဪ-ငါသည် (အာခိရတ် တမလွန်ဘဝ၌) မိမိအသက်ရှင်ရေးအလို့ငှာ (တစ်နည်း) မိမိသက်တမ်း၌ (ကောင်းမှုတစ်စုံတစ်ရာကို) ကြိုတင်၍ ဆည်းပူးခဲ့ပါလျှင် ကောင်းလေစွတကား။
فَيَوْمَئِذٍ لَا يُعَذِّبُ عَذَابَهُ أَحَدٌ
စင်စစ် ထိုနေ့တွင် ထိုအရှင်မြတ်၏ပြစ်ဒဏ် စီရင်ခြင်းမျိုးကို မည်သူတစ်ဦးတစ်ယောက်မျှပင် ပြစ်ဒဏ် စီရင်လိမ့်မည်မဟုတ်ပေ။
وَلَا يُوثِقُ وَثَاقَهُ أَحَدٌ
ထိုနည်းတူစွာ ထိုအရှင်မြတ်၏ ဖမ်းဆီး ချုပ်နှောင်ခြင်းမျိုးကိုလည်း မည်သူတစ်ဦးတစ်ယောက်မျှပင် ဖမ်းဆီးချုပ်နှောင်လိမ့်မည် မဟုတ်ပေ။
يَا أَيَّتُهَا النَّفْسُ الْمُطْمَئِنَّةُ
အို-(သောကကင်း၍) ငြိမ်ဆိမ်သော အသက်ဇီဝိန်။

Choose other languages: