Quran Apps in many lanuages:

Surah Al-Araf Ayahs #6 Translated in Burmese

7:2
كِتَابٌ أُنْزِلَ إِلَيْكَ فَلَا يَكُنْ فِي صَدْرِكَ حَرَجٌ مِنْهُ لِتُنْذِرَ بِهِ وَذِكْرَىٰ لِلْمُؤْمِنِينَ
(ဤသည်) အသင့်ထံ ထုတ်ပြန်ခဲ့သော ကျမ်းဂန်တစ်စောင်ဖြစ်၏။ (ဤကျန်းဂန်သည်) အသင်သည် ထိုကျမ်းဂန်ဖြင့် သတိပေးနှိုးဆော်ရန်အလို့ငှာဖြစ်သည်။ သို့ဖြစ်ပေရာအသင်၏စိတ်တွင်းဝယ် မည်သို့မျှကျဉ်းကျပ်မှု မဖြစ်ရာချေ။၎င်းပြင် (ဤကျမ်းဂန်သည်) မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အဖို့ ဆုံးမဩဝါဒလည်း ဖြစ်ချေသတည်း။
7:3
اتَّبِعُوا مَا أُنْزِلَ إِلَيْكُمْ مِنْ رَبِّكُمْ وَلَا تَتَّبِعُوا مِنْ دُونِهِ أَوْلِيَاءَ ۗ قَلِيلًا مَا تَذَكَّرُونَ
အသင်တို့သည် မိမိတို့၏ အရှင်မြတ်အထံတော်မှ မိမိတို့ထံကျရောက်လာသော ဒေသနာတော်ကိုသာလိုက်နာကြလေကုန်။ ၎င်းပြင် အသင်တို့သည် ထိုအရှင်မြတ်မှတစ်ပါး အခြားမိတ်ဆွေများ(၏ပြောစကားများ)ကို မလိုက်နာကြကုန်လင့်။ အမှန်စင်စစ်သော်ကား အသင်တို့သည် ဆုံးမဩဝါဒများ ကို အနည်းငယ်မျှသာလျှင် နာယူကြကုန်သတည်း။
7:4
وَكَمْ مِنْ قَرْيَةٍ أَهْلَكْنَاهَا فَجَاءَهَا بَأْسُنَا بَيَاتًا أَوْ هُمْ قَائِلُونَ
ငါအရှင်မြတ်သည် များစွာသော မြို့ရွာများကိုဖျက်ဆီးတော်မူခဲ့လေသည်။ သို့ဖျက်ဆီးရာတွင် ငါအရှင်မြတ်၏ပြစ်ဒဏ်သည် ထိုမြို့သူမြို့သားရွာသူရွာသားတို့အပေါ်ဝယ်ညဉ့်အချိန်၌သော်လည်းကောင်း၊ ထိုသူတို့သည် နေ့လည်အချိန်တွင် အပန်းဖြေနေကြသောအခါ၌သော်လည်းကောင်း၊ ဆိုက်ရောက်ခဲ့လေသည်။
7:5
فَمَا كَانَ دَعْوَاهُمْ إِذْ جَاءَهُمْ بَأْسُنَا إِلَّا أَنْ قَالُوا إِنَّا كُنَّا ظَالِمِينَ
သို့ဖြစ်ပေရာ ထိုသူတို့ထံ ငါအရှင်မြတ်၏ ပြစ်ဒဏ်ဆိုက်ရောက်လာသောအခါ ထိုသူတို့ကကျွန်ုပ်တို့သည်သာ လျှင်မတရား ကျူးလွန်သူများ ဖြစ်ကြပါသည် ဟု ပြောဆိုခြင်းမှတစ်ပါး အခြားတစ်စုံတစ်ရာမျှ ဆင်ခြေပေးနိုင်ခြင်းမရှိခဲ့ကြချေ။
7:6
فَلَنَسْأَلَنَّ الَّذِينَ أُرْسِلَ إِلَيْهِمْ وَلَنَسْأَلَنَّ الْمُرْسَلِينَ
ပြီးနောက် တဖန် ငါအရှင်မြတ်သည် တမန်တော်များ စေလွှတ်ခြင်းခံခဲ့ကြရသူတို့အား မုချစစ်ဆေး မေးမြန်းတော်မူအံ့။ ထိုနည်းတူစွာ ငါအရှင်မြတ်သည် ရစူလ်တမန်တော်တို့အားလည်း ဧကန်မလွဲ စစ်ဆေးမေးမြန်းတော်မူအံ့။

Choose other languages: