Quran Apps in many lanuages:

Surah Al-Ankabut Ayahs #4 Translated in Burmese

الم
အလိဖ်၊ လာမ်၊ မီမ်။
أَحَسِبَ النَّاسُ أَنْ يُتْرَكُوا أَنْ يَقُولُوا آمَنَّا وَهُمْ لَا يُفْتَنُونَ
လူတို့သည် ၎င်းတို့က ‘ကျွန်ုပ်တို့သည် ‘အီမာန်’သက်ဝင်ယုံကြည်ခဲ့ကြပါပြီ’ ဟု ပြောကြသောကြောင့် မိမိတို့မှာစမ်းသပ်ခြင်း မခံကြရဘဲ လွှတ်ထားခြင်း ခံကြရမည်ဟု ထင်မှတ်ကြလေသလော။
وَلَقَدْ فَتَنَّا الَّذِينَ مِنْ قَبْلِهِمْ ۖ فَلَيَعْلَمَنَّ اللَّهُ الَّذِينَ صَدَقُوا وَلَيَعْلَمَنَّ الْكَاذِبِينَ
စင်စစ်သော်ကား မချွတ်မလွဲ ငါအရှင်မြတ်သည် ၎င်းတို့အလျင် ရှိခဲ့ကြကုန်သော သူတို့အား စမ်းသပ်တော်မူခဲ့၏။ သို့ဖြစ်ပေရာ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် မှန်ကန်စွာပြောဆိုကြသော သူတို့အား ခွဲခြားသိမြင်အောင် ပြုလုပ်တော်မူပေမည်။ ထိုမှတစ်ပါး ဧကန်မုချ ထိုအရှင်မြတ်သည် မုသာဝါဒီတို့အားလည်း ခွဲခြားသိမြင်အောင် ပြုလုပ်တော်မူပေမည်။
أَمْ حَسِبَ الَّذِينَ يَعْمَلُونَ السَّيِّئَاتِ أَنْ يَسْبِقُونَا ۚ سَاءَ مَا يَحْكُمُونَ
သို့တည်းမဟုတ် မကောင်းမှု ဒုစရိုက်များကိုကျင့်မူ(ကျူးလွန်)နေကြကုန်သော သူတို့သည် မိမိတို့မှာ ‘ငါအရှင်မြတ်(ဖမ်းဆီးကွပ်မျက်တော်မူခြင်း)မှ ထွက်ပြေးလွတ်မြောက်သွားကြမည်’ ဟု ထင်မှတ်ကြ လေသလော။ ၎င်းတို့၏ အဆုံးအဖြတ်မှာ အလွန်ဆိုးရွားလှပေသည်တကား။

Choose other languages: