Quran Apps in many lanuages:

Surah Al-Anbiya Ayahs #94 Translated in Burmese

فَاسْتَجَبْنَا لَهُ وَوَهَبْنَا لَهُ يَحْيَىٰ وَأَصْلَحْنَا لَهُ زَوْجَهُ ۚ إِنَّهُمْ كَانُوا يُسَارِعُونَ فِي الْخَيْرَاتِ وَيَدْعُونَنَا رَغَبًا وَرَهَبًا ۖ وَكَانُوا لَنَا خَاشِعِينَ
ထိုရောအခါဝယ် ငါအရှင်မြတ်သည် ထို (နဗီတမန်တော်)ဇကရီယာ(၏ပန်ကြားချက်)ကို သဘောတူ လက်ခံတော်မူ၍ ၎င်းအား (သားတော်နဗီတမန်တော်)ယဟ်ယာကိုချီးမြှင့် ပေးသနားတော်မူခဲ့၏။ ၎င်းပြင် ငါအရှင်မြတ်သည်ထိုဇကရီယာ၏ ဇနီးကြင်ရာ(၏မြုံခြင်းဝေဒနာကို ပျောက်ကင်းစေတော်မူ၍ သန္ဓေတည်နိုင်သောအခြေအနေသို့)နေသားတကျဖြစ်အောင် ပြုပြင်၍ပေးတော်မူခဲ့၏။ ဧကန်အမှန် ထို(နဗီ တမန်တော်)တို့သည် ကောင်းမှုသုစရိုက်များကို ဆောလျင်စွာ ပြုလုပ်တတ်သူများ ဖြစ်ခဲ့ကြကုန်၏။ ထို့ပြင် ငါအရှင်မြတ်အား စိတ်ပါဝင်စားစွာလည်းကောင်း၊ ကြောက်ရွံ့စွာလည်းကောင်း၊ ဟစ်ခေါ်တသလေ့ ရှိခဲ့ကြကုန်၏။ ထိုမှတစ်ပါး၎င်းတို့သည် ငါအရှင်မြတ်အား ကျိုးနွံသူများလည်း ဖြစ်ခဲ့ကြကုန်သတည်း။
وَالَّتِي أَحْصَنَتْ فَرْجَهَا فَنَفَخْنَا فِيهَا مِنْ رُوحِنَا وَجَعَلْنَاهَا وَابْنَهَا آيَةً لِلْعَالَمِينَ
၎င်းပြင် (အို-နဗီတမန်တော်၊ အသင်သည်)ထိုအမျိုးသမီး၏ အတ္ထုပ္ပတ္တိအကြောင်းကိုလည်း (ပြောကြားပါလေ)။ ထို(အမျိုးသမီး)သည် မိမိဂုဏ်အသရေကို စောင့်စည်းထိန်းသိမ်းခဲ့လေ၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထို(အမျိုးသမီး)၌ မိမိအထံတော်မှ အသက်ဇီဝိန်ကို မှုတ်သွင်းတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ထို(အမျိုးသမီး)အားလည်းကောင်း၊ ထို(အမျိုးသမီး)၏ သားတော်အားလည်းကောင်း၊ကမ္ဘာသူကမ္ဘာသားခပ်သိမ်းတို့အဖို့ သက်သေ လက္ခဏာတော်တစ်ရပ် ပြုလုပ်တော်မူခဲ့ပေသတည်း။
إِنَّ هَٰذِهِ أُمَّتُكُمْ أُمَّةً وَاحِدَةً وَأَنَا رَبُّكُمْ فَاعْبُدُونِ
ဧကန်မလွဲ ဤ(အစ္စလာမ်သာသနာတော်ပင်)အသင်တို့၏ တစ်ခုတည်းသော သာသနာတော်ဖြစ်ပေသည်။၎င်းပြင် ငါအရှင်မြတ်သည်ပင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် ဖြစ်တော်မူပေသည်။ သို့ဖြစ်ပေရာအသင်တို့သည် ငါအရှင်မြတ် အားသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်။
وَتَقَطَّعُوا أَمْرَهُمْ بَيْنَهُمْ ۖ كُلٌّ إِلَيْنَا رَاجِعُونَ
သို့ရာတွင် လူတို့သည် မိမိတို့ အချင်းချင်းပင်မိမိတို့၏(သာသနာ့)အရေးကိစ္စကို အပိုင်းပိုင်း ပြုလုပ် ခဲ့ကြကုန်၏။ (စင်စစ်သော်ကား)အားလုံးတို့သည် ငါအရှင်မြတ်အထံတော်သို့သာလျှင် ပြန်လည်၍လာကြရမည့်သူများပင်ဖြစ်ကြကုန်၏။
فَمَنْ يَعْمَلْ مِنَ الصَّالِحَاتِ وَهُوَ مُؤْمِنٌ فَلَا كُفْرَانَ لِسَعْيِهِ وَإِنَّا لَهُ كَاتِبُونَ
သို့ဖြစ်ပေရာ မည်သူမဆို ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူအံ့။ ၎င်းပြင် ထိုသူသည် "မုအ်မင်န်" သက်ဝင်ယုံကြည်သူလည်းဖြစ်အံ့။ သို့ဖြစ်လျှင် ထိုသူ၏ကြိုးပမ်းအားထုတ်မှုသည် ပယ်ရှားခြင်းခံရမည် မဟုတ်ပေ။မချွတ်ဧကန် ငါအရှင်မြတ်သည် ယင်းအားထုတ်မှုကို ရေးသားတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

Choose other languages: