Quran Apps in many lanuages:

Surah Al-Anbiya Ayahs #112 Translated in Burmese

إِنَّهُ يَعْلَمُ الْجَهْرَ مِنَ الْقَوْلِ وَيَعْلَمُ مَا تَكْتُمُونَ
ဧကန်မလွဲ ထိုအရှင်မြတ်သည် (အသင်တို့၏)ထင်ရှားစွာ ပြောဆိုချက်ကိုလည်း သိရှိတော်မူ၏။ ထိုနည်းတူစွာထိုအရှင်မြတ်သည် အသင်တို့လျှို့ဝှက် ထားကြသည်ကိုလည်းသိရှိတော်မူပေသည်။
وَإِنْ أَدْرِي لَعَلَّهُ فِتْنَةٌ لَكُمْ وَمَتَاعٌ إِلَىٰ حِينٍ
ထို့ပြင် ယင်းချိန်းချက်မှု (ကိုဆောလျင်စွာပြုတော်မမူဘဲ ဆိုင်းငံ့၍ထားတော်မူခြင်း)သည် အသင်တို့အားစမ်းသပ်ခြင်းဖြစ်တန်ရာသည်။ သတ်မှတ်ထားသော အချိန်ကာလတိုင်အောင် အကျိုးကျေးဇူး ခံစားခွင့်ပေးထားခြင်းလည်း ဖြစ်တန်ရာသည်။ ငါသည် အတိအကျမသိပေ။
قَالَ رَبِّ احْكُمْ بِالْحَقِّ ۗ وَرَبُّنَا الرَّحْمَٰنُ الْمُسْتَعَانُ عَلَىٰ مَا تَصِفُونَ
(နဗီတမန်တော်မြတ်သည် ဤသို့)လျှောက်ထားပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် အရှင်မြတ်သည် မှန်ကန်စွာစီရင်ဆုံးဖြတ်၍ ပေးသနားတော်မူပါ။ စင်စစ်ငါတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် "ရဟ်မာန်" အနန္တ ကရုဏာတော်ရှင် ဖြစ်တော်မူပေသည်။ ထိုအရှင်မြတ်သည် အသင်တို့ထုတ်ဖော်ပြောဆိုကြကုန်သော အကြောင်းအရာ များနှင့်စပ်လျဉ်း၍ အကူအညီတောင်းခြင်းကို ခံရတော် မူသောအရှင်လည်း ဖြစ်တော်မူပေသတည်း

Choose other languages: