Quran Apps in many lanuages:

Surah Al-Anaam Ayahs #115 Translated in Burmese

وَلَوْ أَنَّنَا نَزَّلْنَا إِلَيْهِمُ الْمَلَائِكَةَ وَكَلَّمَهُمُ الْمَوْتَىٰ وَحَشَرْنَا عَلَيْهِمْ كُلَّ شَيْءٍ قُبُلًا مَا كَانُوا لِيُؤْمِنُوا إِلَّا أَنْ يَشَاءَ اللَّهُ وَلَٰكِنَّ أَكْثَرَهُمْ يَجْهَلُونَ
အကယ်၍ ငါအရှင်မြတ်သည်၊ ၎င်းတို့ထံ မလာအိကဟ် ကောင်းကင်တမန်များကို စေလွှတ်တော်မူခဲ့သည်ဖြစ်စေ၊ ထို့ပြင် သူသေများသည် ၎င်းတို့နှင့် စကားပြောဆိုခဲ့ကြသည်ဖြစ်စေ၊ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ခပ်သိမ်းကုန်သော အရာများကို ၎င်းတို့၏ရှေ့မှောက်တွင် စုပေးတော်မူခဲ့သည်ဖြစ်စေ၊ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မမူဘဲ အီမာန် သက်ဝင်ယုံကြည်ကြမည် မဟုတ်ပေ။ သို့ရာတွင် ၎င်းတို့အနက် မြောက်များစွာသော သူတို့ကားအသိတရား ကင်းမဲ့ကြကုန်သတည်း။
وَكَذَٰلِكَ جَعَلْنَا لِكُلِّ نَبِيٍّ عَدُوًّا شَيَاطِينَ الْإِنْسِ وَالْجِنِّ يُوحِي بَعْضُهُمْ إِلَىٰ بَعْضٍ زُخْرُفَ الْقَوْلِ غُرُورًا ۚ وَلَوْ شَاءَ رَبُّكَ مَا فَعَلُوهُ ۖ فَذَرْهُمْ وَمَا يَفْتَرُونَ
၎င်းပြင် ထို့ကဲ့သို့ပင် ငါအရှင်မြတ်သည် နဗီတမန်တော်အသီးသီးတို့၌ လူရှိုင်တွာန်များကလည်းကောင်း၊ဂျင်န်ရှိုင်တွာန်များကလည်းကောင်း၊ ပြုလုပ်ထားတော်မူ၏။ ထိုရှိုင်တွာန်များအနက် အချို့တို့သည် အချို့တို့(၏ စိတ်နှလုံးတွင်း)သို့ အပြင်ပန်းလှသော အရောင်တင်ထားသောစကားများကိုထည့်သွင်းလေ့ရှိကြ၏။ ၎င်းပြင် အကယ်၍သာ အသင့်အားမွေးမြူ တော်မူသောအရှင်မြတ် အလိုတော်ရှိပါလျှင် ထိုရှိုင်တွာန်များသည် ထိုသို့ပြုနိုင်ကြမည်မဟုတ်ပေ။ သို့ဖြစ်ပေရာအသင်သည် ထိုသူများကိုလည်းကောင်း၊ ထိုသူတို့ လိမ်လည်ပြောဆိုကြသည့် အရာကိုလည်းကောင်း၊ စွန့်ပယ်ထားပါလေ။
وَلِتَصْغَىٰ إِلَيْهِ أَفْئِدَةُ الَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ وَلِيَرْضَوْهُ وَلِيَقْتَرِفُوا مَا هُمْ مُقْتَرِفُونَ
၎င်းပြင် (ယင်းသူတို့သည် အချင်းချင်း တစ်ဦးထံတဦး အပြင်ပန်းလှသော စကားများကို ပို့လေ့ရှိကြသည်မှာ’အာခိရတ်’ နောင်တမလွန်ဘဝကို မယုံကြည် သောသူတို့၏စိတ်နှလုံးများသည် ထို(အပြင်ပန်း လှသောစကားများ)ဘက်သို့ယိမ်းယိုင် ကိုင်းညွတ်ရန်အလို့ငှာ၎င်း၊ ထိုစကားများကိုနှစ်သက်ကြရန် အလို့ငှာလည်းကောင်း၊ ထိုသူတို့သည် (ယခု)ပြုလုပ်လျက်ရှိသည်များကို ပြုလုပ်မြဲ ပြုလုပ်ကြရန်လည်းကောင်း၊ဖြစ်ချေသတည်း။
أَفَغَيْرَ اللَّهِ أَبْتَغِي حَكَمًا وَهُوَ الَّذِي أَنْزَلَ إِلَيْكُمُ الْكِتَابَ مُفَصَّلًا ۚ وَالَّذِينَ آتَيْنَاهُمُ الْكِتَابَ يَعْلَمُونَ أَنَّهُ مُنَزَّلٌ مِنْ رَبِّكَ بِالْحَقِّ ۖ فَلَا تَكُونَنَّ مِنَ الْمُمْتَرِينَ
(အို-နဗီတမန်တော် အသင်သည် ဤသို့ ပြောကြားပါလေ)။ ‘ငါသည် အလ္လာဟ်အရှင်မြတ်မှ တစ်ပါး အခြားသူကိုစီရင်ဆုံးဖြတ်သူ တရားသူကြီး အဖြစ်ရှာဖွေရပါမည်လော။ အမှန်စင်စစ် ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့ထံ၌ (အလုံးစုံတို့ကို)လင်း၍ ပြထားပြီးဖြစ်သော(ကုရ်အာန်)ကျမ်းဂန်ဒေသနာ တော်မြတ်ကို ချပေးသနားတော်မူခဲ့လေသည်။’အမှန်သော်ကား(ယခင်က)ငါအရှင်မြတ် ကျမ်းဂန်ဒေသနာတော်ကို ချီးမြှင့်ပေးသနားတော်မူခဲ့ သောသူတို့သည်လည်းယင်း(ကုရ်အာန်)ကျမ်းတော်မြတ်သည် အသင့်အားမွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်ထံတော်မှ မှန်ကန်သောအကြောင်းအရာနှင့် တကွကျရောက်လာသော ဒေသနာတော်ကျမ်းမြတ်ဖြစ်သည်ကို သိရှိကြကုန်သည်။ သို့ဖြစ်ပေရာ အသင်သည် ဒွိဟမကင်းသူတို့အနက် အပါအဝင် မဖြစ်ပါလေနှင့်။
وَتَمَّتْ كَلِمَتُ رَبِّكَ صِدْقًا وَعَدْلًا ۚ لَا مُبَدِّلَ لِكَلِمَاتِهِ ۚ وَهُوَ السَّمِيعُ الْعَلِيمُ
၎င်းအပြင် အသင့်အား မွေးမြူဖန်ဆင်းတော်မူသောအရှင်မြတ်၏ (ဤ)မုက္ခပါဌ်တော်သည် မှန်ကန်ခြင်း အရာ၌လည်းကောင်း၊ တရားမျှတခြင်းအရာ၌လည်းကောင်း၊စုံလင်ပြည့်စုံလှပေသည်။ ထိုအရှင်မြတ်၏ မုက္ခပါဌ်တော်များကို ပြောင်းလွှဲနိုင်သူဟူ၍ကား အလျင်းမရှိပြီ။ စင်စစ်မူကားထိုအရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိမြင်တော်မူသော အရှင်မြတ်ပင်တည်း။

Choose other languages: