Quran Apps in many lanuages:

Surah Al-Ala Ayahs #5 Translated in Burmese

سَبِّحِ اسْمَ رَبِّكَ الْأَعْلَى
(အို-နဗီတမန်တော်) အသင်သည် မိမိအားဖန်ဆင်းမွေးမြူတော်မူသော၊ အမြင့်မြတ်ဆုံးဖြစ်တော်မူသော၊ အရှင်မြတ်၏နာမံတော် (သန့်ရှင်းစင်ကြယ်ကြောင်း)ကို ချီးမွမ်းမြွက်ဆိုပါလေ။
الَّذِي خَلَقَ فَسَوَّىٰ
အကြင်အရှင်မြတ်သည် (အရာခပ်သိမ်းတို့ကို)ဖန်ဆင်းတော်မူပြီးနောက် နေထားတကျဖြစ်အောင်လည်း ပြုလုပ်တော်မူခဲ့၏။
وَالَّذِي قَدَّرَ فَهَدَىٰ
၎င်းပြင် ထိုအရှင်မြတ်သည် တင်ရင်စီမံတော်မူပြီးနောက် လမ်းညွှန်တော်မူခဲ့၏။
وَالَّذِي أَخْرَجَ الْمَرْعَىٰ
ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မြက်သစ်ပင်(ကောက်ပဲသီးနှံ)ကို ပေါက်ရောက်စေတော်မူခဲ့၏။
فَجَعَلَهُ غُثَاءً أَحْوَىٰ
ထို့နောက် ထိုအရှင်မြတ်သည် ယင်းမြက်သစ်ပင်များကို (ဆွေးမြေ့)မည်းနက်သော ရိုးဖြတ်၊ ကောက်ရိုး၊ ဖြစ်စေတော်မူခဲ့၏။

Choose other languages: