Quran Apps in many lanuages:

Surah Al-Ahzab Ayahs #63 Translated in Burmese

يَا أَيُّهَا النَّبِيُّ قُلْ لِأَزْوَاجِكَ وَبَنَاتِكَ وَنِسَاءِ الْمُؤْمِنِينَ يُدْنِينَ عَلَيْهِنَّ مِنْ جَلَابِيبِهِنَّ ۚ ذَٰلِكَ أَدْنَىٰ أَنْ يُعْرَفْنَ فَلَا يُؤْذَيْنَ ۗ وَكَانَ اللَّهُ غَفُورًا رَحِيمًا
အို-နဗီတမန်တော်၊ အသင်သည် မိမိ၏ ကြင်ရာတော်များအားလည်းကောင်း၊ မိမိ၏သမီးတော် များအားလည်းကောင်း၊ မုအ်မင်န် သက်ဝင်ယုံကြည် သူတို့၏ ဇနီးမိန်းမများအားလည်းကောင်း၊ ထိုသူတို့သည် မိမိတို့၏အပေါ်ရုံ(စောင်ခြုံထည်)များကို မိမိတို့အပေါ်၌ အနည်းငယ်ဆွဲချတွဲလဲချထားကြရမည်ဟု ပြောကြားပါလေ။ ဤသည် ၎င်းတို့အား ခွဲခြားမှတ်မိရန် ပိုမို၍နီးစပ်၏။ သို့ဖြစ်ပေရာ ၎င်းတို့သည်နှောင့်ယှက်ခြင်းခံကြရမည်မဟုတ်ပေ။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသော၊ အလွန်သနား ကြင်နာညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူသည်။
لَئِنْ لَمْ يَنْتَهِ الْمُنَافِقُونَ وَالَّذِينَ فِي قُلُوبِهِمْ مَرَضٌ وَالْمُرْجِفُونَ فِي الْمَدِينَةِ لَنُغْرِيَنَّكَ بِهِمْ ثُمَّ لَا يُجَاوِرُونَكَ فِيهَا إِلَّا قَلِيلًا
အမှန်စင်စစ်သော်ကား အကယ်၍ မုနာဖစ်က်အယောင်ဆောင် မုစ်လင်မ်တို့သည်လည်းကောင်း၊ စိတ်တွင်းဝယ် ရောဂါဝေဒနာ ရှိသူတို့သည်လည်းကောင်း၊ မဒီနာမြို့တွင်း၌ ထိတ်လန့်ဖွယ် သတင်းလွှင့်သူတို့သည်လည်းကောင်း၊(မိမိတို့၏ အပြုအမူများကို) မရပ်စဲခဲ့ကြလျှင် ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အား ၎င်းတို့အပေါ်ဝယ် လွှမ်းမိုးစေတော်မူမည်။ ထို့နောက် ၎င်းတို့သည် အသင့်ထံတွင် မဒီနာမြို့၌ အနည်းငယ်မျှသော ကာလမှတစ်ပါး နေကြရမည်မဟုတ်ပေ။
مَلْعُونِينَ ۖ أَيْنَمَا ثُقِفُوا أُخِذُوا وَقُتِّلُوا تَقْتِيلًا
(ယင်းကဲ့သို့ အနည်းငယ်မျှသော ကာလတိုင်အောင် နေပင်နေကြရငြားသော်လည်း ၎င်းတို့မှာ) ကရုဏာတော်မှကင်းဝေးစေခြင်း ခံကြရသူများအဖြစ် (နေကြရသည့်ပြင်) မည်သည့်နေရာ၌မဆို တွေ့ရှိခဲ့ ကြရလျှင် ၎င်းတို့သည်ဖမ်းဆီးခြင်းခံကြရပေမည်။ ထို့ပြင် ၎င်းတို့သည် ပြင်းထန်စွာသတ်ဖြတ်ခြင်းကို ခံကြရပေမည်။
سُنَّةَ اللَّهِ فِي الَّذِينَ خَلَوْا مِنْ قَبْلُ ۖ وَلَنْ تَجِدَ لِسُنَّةِ اللَّهِ تَبْدِيلًا
ဤသည် ရှေးအထက်ကျော်ကာလ၌ လွန်လေခဲ့ကြသောသူတို့နှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်၏ ဥပဒေစည်းကမ်းပင်။ စင်စစ် အသင်သည် အလ္လာဟ် အရှင်မြတ်၏ဥပဒေစည်းကမ်း၌ မည်သည့်ပြောင်းလဲမှုကိုမျှပင် အလျှင်းတွေ့ရှိလိမ့်မည် မဟုတ်ပေတကား။
يَسْأَلُكَ النَّاسُ عَنِ السَّاعَةِ ۖ قُلْ إِنَّمَا عِلْمُهَا عِنْدَ اللَّهِ ۚ وَمَا يُدْرِيكَ لَعَلَّ السَّاعَةَ تَكُونُ قَرِيبًا
လူတို့သည် ကိယာမတ် ရှင်ပြန်ထမည့် အချိန်ကာလနှင့် စပ်လျဉ်း၍ အသင့်အား မေးမြန်းကြကုန်၏။ (အိုနဗီတမန်တော်)အသင်သည် ပြောကြား ပါလေ။ (အချင်းတို့၊)ယင်းကိယာမတ် ရှင်ပြန်ထမည့် အချိန်ကာလနှင့် စပ်လျဉ်းသော အသိပညာကား အလ္လာဟ်အရှင်မြတ်၌သာရှိ၏။ အသင်သည် အသို့လျှင် သိနိုင်ပါအံ့နည်း။ စင်စစ် ရှင်ပြန်ထမည့်အချိန် ကာလသည် နီးကပ်လျက် ရှိတန်ရာသည်။

Choose other languages: