Quran Apps in many lanuages:

Surah Al-Adiyat Ayahs #11 Translated in Burmese

وَإِنَّهُ لِحُبِّ الْخَيْرِ لَشَدِيدٌ
ထိုမှတစ်ပါး ထိုလူသည် ဥစ္စာပစ္စည်းကို ခုံမင်စုံမက်ရာ၌ အလွန်စိတ်ထက်သန်နေသူဖြစ်၏။ (ထိုလူသည် ဥစ္စာပစ္စည်းကို အလွန်ခုံမင်သည့်အတွက် အလွန်စေးနဲသူဖြစ်၏)။
أَفَلَا يَعْلَمُ إِذَا بُعْثِرَ مَا فِي الْقُبُورِ
(ကိယာမတ်ဖြစ်သော)အခါတွင် သင်္ချိုင်းများအတွင်း၌ ရှိကြကုန်သောသူတို့သည် (ထိုသင်္ချိုင်းများကိုမှောက်လှန်၍) ထုတ်ဖော်ခြင်းခံကြရမည်ကို ထိုသူသည် မသိလေသလော။
وَحُصِّلَ مَا فِي الصُّدُورِ
၎င်းပြင် စိတ်နှလုံးများအတွင်း၌ လျှို့ဝှက်ချက်များသည် ထင်ရှားစေခြင်း ခံရမည်ကိုလည်း ထိုသူ (မသိလေသလော)။
إِنَّ رَبَّهُمْ بِهِمْ يَوْمَئِذٍ لَخَبِيرٌ
မလွဲဧကန် ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ထိုနေ့တွင် ၎င်းတို့နှင့်ပတ်သက်၍ အလုံးစုံတို့ကို ကောင်းစွာ သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

Choose other languages: