Quran Apps in many lanuages:

Surah Adh-Dhariyat Ayahs #57 Translated in Burmese

أَتَوَاصَوْا بِهِ ۚ بَلْ هُمْ قَوْمٌ طَاغُونَ
၎င်းတို့သည် အချင်းချင်း တစ်ဦးကိုတစ်ဦး ဤအတိုင်း ပြောဆိုကြရန် မှာကြားခဲ့ကြလေသလော။ ထိုသို့အလျှင်းမဟုတ်။ စင်စစ် ၎င်းတို့(အားလုံး)မှာကား ဆိုးသွမ်းသူတို့ပင် ဖြစ်ခဲ့ကြကုန်၏။
فَتَوَلَّ عَنْهُمْ فَمَا أَنْتَ بِمَلُومٍ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊) အသင်သည် ၎င်းတို့အား လျစ်လျူရှုနေပါလေ။ အကြောင်းသော်ကား အသင်သည် ပြစ်တင်ခြင်းခံရမည် မဟုတ်သောကြောင့်ပင်။
وَذَكِّرْ فَإِنَّ الذِّكْرَىٰ تَنْفَعُ الْمُؤْمِنِينَ
ထိုမှတစ်ပါး အသင်သည် ဆုံးမဩဝါဒပေးလျက်ရှိပါလေ။ အဘယ်ကြောင့်ဆိုသော် ဆုံးမဩဝါဒသည်’မုအ်မင်န်’သက်ဝင် ယုံကြည်သူတို့အား အကျိုးရှိစေသောကြောင့်ပင်။
وَمَا خَلَقْتُ الْجِنَّ وَالْإِنْسَ إِلَّا لِيَعْبُدُونِ
စင်စစ်သော်ကား ငါအရှင်မြတ်သည် ဂျင်န်သတ္တဝါတို့အားလည်းကောင်း၊ မနုဿ လူသားတို့အား လည်းကောင်း၊ ငါအရှင်မြတ်အား ဆည်းကပ်ကိုးကွယ် ကြရန်သာလျှင် ဖန်ဆင်းတော်မူခဲ့၏။
مَا أُرِيدُ مِنْهُمْ مِنْ رِزْقٍ وَمَا أُرِيدُ أَنْ يُطْعِمُونِ
ငါအရှင်မြတ်သည် ၎င်းတို့ထံမှ စားနပ်ရိက္ခာကိုလည်း အလိုရှိတော်မူသည် မဟုတ်ပေ။ ငါအရှင်မြတ်အား ၎င်းတို့ ကျွေးမွေးကြရန်ကိုလည်း ငါအရှင်မြတ်သည် အလိုရှိတော်မူသည် မဟုတ်ပေ။

Choose other languages: