Quran Apps in many lanuages:

Surah Adh-Dhariyat Ayahs #51 Translated in Burmese

وَالسَّمَاءَ بَنَيْنَاهَا بِأَيْدٍ وَإِنَّا لَمُوسِعُونَ
၎င်းပြင် ငါအရှင်မြတ်သည် မိုးကောင်းကင်ကို တန်ခိုးတော်ဖြင့် ပြုလုပ်တော်မူခဲ့၏။ စင်စစ်သော်ကား ဧကန်မလွဲ ငါအရှင်မြတ်သည် ကျယ်ဝန်းစွာသော တန်ခိုးတော်ရှင်ဖြစ်တော်မူ၏။
وَالْأَرْضَ فَرَشْنَاهَا فَنِعْمَ الْمَاهِدُونَ
ထိုနည်းတူစွာ ငါအရှင်မြတ်သည် ပထဝီမြေကို ခင်းကျင်းတော်မူခဲ့၏။ စင်စစ်မှာကား (ငါအရှင်မြတ်သည်)လွန်စွာကောင်းမြတ်သော ခင်းကျင်းတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
وَمِنْ كُلِّ شَيْءٍ خَلَقْنَا زَوْجَيْنِ لَعَلَّكُمْ تَذَكَّرُونَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင်တို့ တရားရယူကြအံ့သောငှာ အရာဝတ္ထုတိုင်းကို နှစ်မျိုးနှစ်စား ဖန်ဆင်းတော်မူခဲ့၏။
فَفِرُّوا إِلَى اللَّهِ ۖ إِنِّي لَكُمْ مِنْهُ نَذِيرٌ مُبِينٌ
သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အထံတော်သို့ ပြေးလွှားကြလေကုန်။ ဧကန်စင်စစ် ငါသည် အသင်တို့အဖို့ ထိုအရှင်မြတ်၏အထံတော်မှ ထင်ရှားစွာ သတိပေး�ှိုးဆော်သူဖြစ်၏။
وَلَا تَجْعَلُوا مَعَ اللَّهِ إِلَٰهًا آخَرَ ۖ إِنِّي لَكُمْ مِنْهُ نَذِيرٌ مُبِينٌ
၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားတစ်စုံတစ်ရာ ကိုးကွယ်ရာကို ဖက်စပ်သတ်မှတ်ခြင်း မပြုကြကုန်လင့်။ ဧကန်အမှန် ငါသည် အသင်တို့အဖို့ ထိုအရှင်မြတ်အထံတော်မှ ထင်ရှားစွာ သတိပေး နှိုးဆော်သူပင် ဖြစ်ပေသတည်း။

Choose other languages: