Quran Apps in many lanuages:

Surah Adh-Dhariyat Ayahs #42 Translated in Burmese

وَفِي مُوسَىٰ إِذْ أَرْسَلْنَاهُ إِلَىٰ فِرْعَوْنَ بِسُلْطَانٍ مُبِينٍ
၎င်းပြင် မူစာ(၏အကြောင်း အတ္ထုပ္ပတ္တိ)တွင်လည်း (သက်သေလက္ခဏာ)ရှိ၏။ အကြင်အခါဝယ် ငါအရှင်မြတ်သည် ထိုမူစာအား ‘ဖစ်ရ်အောင်န်’၏ထံ သို့ ထင်ရှားစွာသော သက်သေသာဓကနှင့်တကွ စေလွှတ်တော်မူခဲ့၏။
فَتَوَلَّىٰ بِرُكْنِهِ وَقَالَ سَاحِرٌ أَوْ مَجْنُونٌ
သို့ရာတွင် ‘ဖစ်ရ်အောင်န်’မှာ မိမိစွမ်းအင်ကိုအားကိုး၍ မျက်နှာလွှဲခဲ့၏။ (မိမိ၏အခြွေအရံ အသင်း အပင်းများနှင့်အတူ သွေဖည် ကျောခိုင်းသွားခဲ့၏။) ထို့ပြင် ၎င်းကတမန်တော်(မူစာအား) ပဉ္စလက်ဆရာ သို့မဟုတ် ရူးသွပ်သူဖြစ်သည်ဟူ၍ ပြောဆိုခဲ့လေ၏။
فَأَخَذْنَاهُ وَجُنُودَهُ فَنَبَذْنَاهُمْ فِي الْيَمِّ وَهُوَ مُلِيمٌ
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထို ‘ဖစ်ရ်အောင်န်’ အားလည်းကောင်း၊ ထို ‘ဖစ်ရ်အောင်န်’၏ စစ်သည်တို့အားလည်းကောင်း၊ ဖမ်းဆီး၍ သမုဒ္ဒရာ ပင်လယ်ထဲသို့ပစ်ချတော်မူခဲ့၏။ စင်စစ် ထိုဖစ်ရ်အောင်န် မှာ ပြင်းထန်စွာ ပြစ်တင်ရှုတ်ချအပ်သောသူဖြစ်ခဲ့၏။
وَفِي عَادٍ إِذْ أَرْسَلْنَا عَلَيْهِمُ الرِّيحَ الْعَقِيمَ
ထို့ပြင် ‘အာဒ်’ အမျိုးသားတို့(၏အဖြစ်အပျက်)၌လည်း (သင်ခန်းစာ)ရှိပေသည်။ တစ်ရံရော အခါဝယ် ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ မင်္ဂလာကင်းမဲ့သော လေပြင်းမုန်တိုင်းကို စေလွှတ်တော်မူခဲ့၏။
مَا تَذَرُ مِنْ شَيْءٍ أَتَتْ عَلَيْهِ إِلَّا جَعَلَتْهُ كَالرَّمِيمِ
ယင်းလေပြင်းမုန်တိုင်းသည် မည်သည့် တစ်စုံတစ်ရာပေါ်၌မဆို သက်ရောက်ခဲ့သည်ရှိသော် ထိုအရာဝတ္ထုကို ဆွေးမြည့်ပြီး အပိုင်းပိုင်းအစစ ဖြစ်ဘိသကဲ့သို့ ပြုလုပ်ခဲ့သည်ချည်းသာ။

Choose other languages: