Quran Apps in many lanuages:

Surah Ad-Dukhan Ayahs #6 Translated in Burmese

وَالْكِتَابِ الْمُبِينِ
(ငါအရှင်မြတ်သည်) ရှင်းလင်းထင်ရှားသော(ဤ)ကျမ်း ဂန်ကို သက်သေထူတော်မူ၏။
إِنَّا أَنْزَلْنَاهُ فِي لَيْلَةٍ مُبَارَكَةٍ ۚ إِنَّا كُنَّا مُنْذِرِينَ
မုချဧကန် ငါအရှင်မြတ်သည် ယင်းကျမ်းဂန်ကို ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံသော ညဉ့်တစ်ညဉ့်တွင် ချပေးသနားတော်မူခဲ့၏။ ဧကန်စင်စစ် ငါအရှင်မြတ်သည် သတိပေးတော်မူမည့်အရှင် ဖြစ်တော်မူ၏။
فِيهَا يُفْرَقُ كُلُّ أَمْرٍ حَكِيمٍ
ယင်းညဉ့်တွင် နက်နဲသိမ်မွေ့သော အရေးကိစ္စများဟူသမျှတို့သည် အသေးစိတ် သတ်မှတ် အတည် ပြုခြင်းခံကြရလေ၏။
أَمْرًا مِنْ عِنْدِنَا ۚ إِنَّا كُنَّا مُرْسِلِينَ
ငါအရှင်မြတ်အထံတော်၌ ပြဋ္ဌာန်းတော်မူခြင်းအားဖြင့် ဧကန်မလွဲ ငါအရှင်မြတ်သည်(အသင့်အား ရစူလ်တမန်တော်အဖြစ်)စေလွှတ်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
رَحْمَةً مِنْ رَبِّكَ ۚ إِنَّهُ هُوَ السَّمِيعُ الْعَلِيمُ
အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ကရုဏာတော်အားဖြင့် စင်စစ်ဧကန် ထိုအရှင်မြတ်သည်ပင် အလွန်တရာ ကြားတော်မူသောအရှင်၊ အလွန်တရာ သိတော်မူသောအရှင်၊ ဖြစ်တော်မူ၏။

Choose other languages: