Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #62 Translated in Burmese

ذَٰلِكَ نَتْلُوهُ عَلَيْكَ مِنَ الْآيَاتِ وَالذِّكْرِ الْحَكِيمِ
ဤ(အတ္ထုပ္ပတ္တိများ)သည် (အသင်နဗီဖြစ်ခြင်း၏) သက်သေလက္ခဏာများ အနက်မှလည်း ဖြစ်၏။ ဉာဏ်ပညာနှင့်ပြည့်စုံသော အကြောင်းအရာ များအနက်မှလည်းဖြစ်ပေ၏။ ထိုအကြောင်းအရာများကို ငါအရှင်သည်အသင့်အား (ဝဟီဖြင့်) ရွတ်ဘတ်ကြားနာ ပြောပြတော်မူသည်။
إِنَّ مَثَلَ عِيسَىٰ عِنْدَ اللَّهِ كَمَثَلِ آدَمَ ۖ خَلَقَهُ مِنْ تُرَابٍ ثُمَّ قَالَ لَهُ كُنْ فَيَكُونُ
အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏အထံတော်၌ (နဗီတမန်တော်)အီစာ၏ (ထူးဆန်းသော) အဖြစ်ကား(နဗီတမန်တော်) အာဒမ်၏ (ထူးဆန်း သော) အဖြစ်ကဲ့သို့ပင်တည်း။ ထိုအရှင်မြတ်သည် (ဦးစွာပဌမ) ထို (နဗီတမန်တော်အာဒမ်)အား မြေကြီးဖြင့် ဖန်ဆင်းတော်မူခဲ့လေသည်၊ ပြီးနောက် ထိုအရှင်မြတ်သည် ထိုတမန်တော်အာဒမ်(၏ပုံ သဏ္ဌာန်)ကို ဖြစ်စေဟုမိန့်ကြားတော်မူခဲ့ရာ ထိုတမန်တော်အာဒမ်(၏ပုံသဏ္ဌာန်)သည် (အသက် ထင်ရှားရှိသောလူသတ္တဝါ)ဖြစ်လာခဲ့ရလေသတည်း။
الْحَقُّ مِنْ رَبِّكَ فَلَا تَكُنْ مِنَ الْمُمْتَرِينَ
(အို-နဗီတမန်တော် ဤအဆိုပါ နဗီတမန်တော်အီစာ၏) အတ္ထုပ္ပတ္တိ အကြောင်းအရာများသည် အသင့်အား မွေးမြူတော်မူသော အရှင်မြတ်၏အထံတော်မှ (ထုတ်ပြန်မိန့်ကြားတော် မူသော) အတ္ထုပ္ပတ္တိ အကြောင်းအရာများပင်ဖြစ်ပေရာ အသင်သည် ဒွိဟသံသယရှိသူတို့အနက် အပါအဝင် မဖြစ်လေနှင့်။
فَمَنْ حَاجَّكَ فِيهِ مِنْ بَعْدِ مَا جَاءَكَ مِنَ الْعِلْمِ فَقُلْ تَعَالَوْا نَدْعُ أَبْنَاءَنَا وَأَبْنَاءَكُمْ وَنِسَاءَنَا وَنِسَاءَكُمْ وَأَنْفُسَنَا وَأَنْفُسَكُمْ ثُمَّ نَبْتَهِلْ فَنَجْعَلْ لَعْنَتَ اللَّهِ عَلَى الْكَاذِبِينَ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင့် ထံ၌(ငါအရှင်မြတ်အထံတော်မှ မှန်ကန်သော) အသိတရား ရောက်ရှိလာပြီးသည့် နောက်သော်မှပင်၊ အကြင်သူ တစ်ဦးတစ်ယောက်သည် ယင်း (နဗီ တမန်တော်အီစာ)နှင့်ပတ်သက်၍အသင့်အား အချေအတင်ပြောဆိုခဲ့ပါမူ၊ အသင်သည်(ယင်းသူတို့ အား)(ဟယ်-အချင်းတို့) လာကြကုန်လော့။(အသင်တို့နှင့်) အကျွန်ုပ်တို့သည် (ပူးပေါင်း ကာ) အကျွန်ုပ်တို့၏သားမြေးတို့ကိုလည်းကောင်း၊ အသင်တို့၏သားမြေးတို့ကိုလည်းကောင်း၊ အကျွန်ုပ် တို့၏မိန်းမများကိုလည်းကောင်း၊အသင်တို့၏ မိန်းမများကိုလည်းကောင်း၊ ခေါ်ယူ (စုရုံးစေ)ပြီးအကျွန်ုပ်တို့ကိုယ်တိုင်နှင့် အသင်တို့ကိုယ်တိုင်လည်း (ပါဝင်ကြကုန်အံ့)။ ထို့နောက် အကျွန်ုပ်တို့(နှင့် အသင်တို့)သည် (ပူးပေါင်းကာ အလ္လာဟ်အရှင်မြတ် အထံတော်၌ ဤအချေအတင်ပြောဆိုရာတွင်) မုသားပြောဆိုသူတို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ် ၏ လအ်နတ် (အရှင်မြတ်၏ ကရုဏာတော်မှကင်းဝေးခြင်းသည်) ကျရောက်ပါစေသား ဟူ၍ စိတ်ရောကိုယ်ပါ တောင်းပန် အသနားခံကြကုန်အံ့ ဟု ပြောဆိုပါလေ။
إِنَّ هَٰذَا لَهُوَ الْقَصَصُ الْحَقُّ ۚ وَمَا مِنْ إِلَٰهٍ إِلَّا اللَّهُ ۚ وَإِنَّ اللَّهَ لَهُوَ الْعَزِيزُ الْحَكِيمُ
မုချဧကန် ဤ (အဆိုပါ) အတ္ထုပ္ပတ္တိအကြောင်းအကြောင်းအရာများသည်သာလျှင် စင်စစ်အားဖြင့် မှန်ကန်သော အတ္ထုပ္ပတ္တိ အကြောင်းအရာများတည်း။ အမှန်စင်စစ်(တစ်ဆူတည်းသော)အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ရာ အရှင်ဟူ၍အလျင်းမရှိပြီ။ ၎င်းပြင် မုချဧကန်ထို အလ္လာဟ်အရှင်မြတ်သည်သာလျှင် စင်စစ်အား ဖြင့် တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်၊ အကျုးိ အကြောင်းဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

Choose other languages: