Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #57 Translated in Burmese

رَبَّنَا آمَنَّا بِمَا أَنْزَلْتَ وَاتَّبَعْنَا الرَّسُولَ فَاكْتُبْنَا مَعَ الشَّاهِدِينَ
(ထို့နောက် ယင်းဟဝါရီတို့က) အို-ကျွန်တော်မျိုးတို့၏ အရှင်မြတ်၊ ကျွန်တော်မျိုးတို့သည် အရှင်မြတ်ထုတ်ပြန် ပို့ချတော်မူသော အမိန့်တော်များကို ယုံကြည်၍(အရှင်မြတ် စေလွှတ်တော်မူသော) ရစူလ်တမန်တော် [အီစာ(အလိုင် ဟစ္စလာမ်)၏ ဩဝါဒများကို(လည်း တသွေမတိမ်း)]လိုက်နာ ကြပါပြီ။ သို့ဖြစ်ပါ၍ အရှင်မြတ် သည် ကျွန်တော်မျိုးတို့အား သက်သေခံသူအပေါင်း နှင့်အတူ ရေးမှတ်တော်မူပါ (ဟု အလ္လာဟ်အရှင်မြတ် အထံတော်၌ ဆက်လက်၍ ဆုတောင်း ပတ္ထနာပြုကြကုန်သတည်း)။
وَمَكَرُوا وَمَكَرَ اللَّهُ ۖ وَاللَّهُ خَيْرُ الْمَاكِرِينَ
ယင်း (အစ္စရာအီလီ မျိုးနွယ်တို့အနက် တမန်တော်အီစာအား မယုံကြည်သော) သူတို့သည် လည်း [နဗီတမန်တော်အီစာ(အလိုင်ဟစ္စလာမ်)ကို သတ်ဖြတ်ကြရန်အလို့ငှာ ပရိယာယ်မာယာ ဝေဝုစ်အားဖြင့်] လိမ္မာပါးနပ်စွာကြံစည်ခဲ့ကြ၏။ အလ္လာဟ်အရှင်မြတ်သည်လည်း [နဗီတမန်တော် အီစာ(အလိုင်ဟစ္စလာမ်)အား ယင်းသူတို့၏ ဘေးရန်ခပ်သိမ်းတို့မှ ကင်းလွတ်စေတော်မူခြင်းငှာ] ပရိယာယ်ဝေဝုစ်ဖြင့်ပင် ကြံဆောင်တော်မူခဲ့လေသည်။ အမှန် သော်ကားအလ္လာဟ်အရှင်မြတ်သည် ပရိယာယ် ဝေဝုစ်ဖြင့် ကြံဆောင်သူများထက် အကောင်းဆုံး ကြံဆောင်တော်မူနိုင်သောအသျှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
إِذْ قَالَ اللَّهُ يَا عِيسَىٰ إِنِّي مُتَوَفِّيكَ وَرَافِعُكَ إِلَيَّ وَمُطَهِّرُكَ مِنَ الَّذِينَ كَفَرُوا وَجَاعِلُ الَّذِينَ اتَّبَعُوكَ فَوْقَ الَّذِينَ كَفَرُوا إِلَىٰ يَوْمِ الْقِيَامَةِ ۖ ثُمَّ إِلَيَّ مَرْجِعُكُمْ فَأَحْكُمُ بَيْنَكُمْ فِيمَا كُنْتُمْ فِيهِ تَخْتَلِفُونَ
တရံရောအခါဝယ် အလ္လာဟ်အရှင်မြတ်က အိုအီစာ(အသင်သည် မည်သို့မျှစိုးရိမ်ကြောင့်ကြခြင်း မရှိလေနှင့်)မုချဧကန် ငါအရှင်မြတ်သည် အသင့်ကို သတ်မှတ်ထားသောအချိန်၌)သေစေတော်မူအံ့။ ၎င်းပြင် အသင့်အားမိမိအထံတော် (ကောင်းကင်ဘုံ) သို့ပင့်မယူတော်မူအံ့။ ၎င်းပြင်မယုံမကြည်သွေဖည် ငြင်းပယ်သော ကာဖိရ်တို့(၏ စွပ်စွဲချက်တို့)မှ သန့်ရှင်းစင်ကြယ်၍ လွတ်ကင်းစေတော်မူအံ့။ ၎င်းပြင်အသင်၏ဩဝါဒကို လိုက်နာသူတို့အား (အသင့်ကို) မယုံမကြည်ငြင်းဆန်သောကာဖိရ်တို့အထက်ဝယ် ကိယာမတ်နေ့အထိ လွှမ်းမိုးစေတော်မူအံ့။ ပြီးနောက်တဖန် အသင်တို့၏(နောက်ဆုံး) ပြန်လည်ရာစခန်းသည် ငါအရှင်မြတ်၏အထံတော်တွင်ရှိနေပေရာ ငါအရှင်မြတ်သည် အသင်တို့ အချင်းချင်း အကွဲအလွဲ ရှိခဲ့သောကိစ္စများနှင့် စပ်လျဉ်း၍ စီရင်ဆုံးဖြတ်တော်မူအံ့။
فَأَمَّا الَّذِينَ كَفَرُوا فَأُعَذِّبُهُمْ عَذَابًا شَدِيدًا فِي الدُّنْيَا وَالْآخِرَةِ وَمَا لَهُمْ مِنْ نَاصِرِينَ
သို့ဖြစ်လေရာ မယုံမကြည် သွေဖည်ငြင်းပယ်သော ကာဖိရ်တို့ကိုမူကား ငါအရှင်မြတ်သည် ယင်းသူတို့အားပစ္စုပ္ပန်ဘဝ၌လည်းကောင်း၊ နောင် တမလွန်ဘဝ၌လည်းကောင်း၊ ပြင်းထန်စွာသော ပြစ်ဒဏ်ကို ခတ်တော်မူအံ့။ထိုမှတစ်ပါးတုံ ယင်းသူတို့အား ကူညီမိုင်းမမည့်သူဟူ၍လည်းတစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည်မဟုတ်ပေ။
وَأَمَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ فَيُوَفِّيهِمْ أُجُورَهُمْ ۗ وَاللَّهُ لَا يُحِبُّ الظَّالِمِينَ
သို့ရာတွင် ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိကြ၍ကောင်းမြတ်သော အကျင့်သီလများကို ဆောက်တည်ကြကုန်သော သူတို့မှာမူကား ထို အရှင်မြတ်သည် ယင်းသူတို့အား(ယင်းသူတို့ ပြုလုပ်ဆောက်တည်ခဲ့ကြသော အကျင့်သီလများ၏) အကျိုးကျေးဇူးများကို ပြည့်စုံစွာ ပေးသနား�ော်မူလတ္တံ့။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် မတော်မတရားကျူးလွန်စော်ကားသူတို့ အား နှစ်သက်တော်မူသည် မဟုတ်ချေ။

Choose other languages: