Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #181 Translated in Burmese

إِنَّ الَّذِينَ اشْتَرَوُا الْكُفْرَ بِالْإِيمَانِ لَنْ يَضُرُّوا اللَّهَ شَيْئًا وَلَهُمْ عَذَابٌ أَلِيمٌ
ဧကန်မလွဲ အီမာန် ယုံကြည်ခြင်း သဒ္ဓါတရား(တည်းဟူသောရတနာ)ဖြင့် သွေဖည်ငြင်းပယ်မှုကို လဲလှယ်ဝယ်ယူကြကုန်သောသူတို့သည် အလ္လာဟ်အရှင်မြတ်အားအနည်းငယ်မျှ အကျိုးယုတ်နစ်နာစေခြင်းကို အလျင်းပြုစွမ်းနိုင်ကြမည်မဟုတ်ချေ။ အမှန် စင်စစ်သော်ကား ယင်းသူတို့ အဖို့(နောင်တမလွန်ဘဝတွင်) အလွန်နာကျင်ဖွယ် ဖြစ်သောအပြစ်ဒဏ်သည် (အသင့်) ရှိချေသတည်း။
وَلَا يَحْسَبَنَّ الَّذِينَ كَفَرُوا أَنَّمَا نُمْلِي لَهُمْ خَيْرٌ لِأَنْفُسِهِمْ ۚ إِنَّمَا نُمْلِي لَهُمْ لِيَزْدَادُوا إِثْمًا ۚ وَلَهُمْ عَذَابٌ مُهِينٌ
ထိုမှတစ်ပါးတုံ သွေဖည် ငြင်းပယ်ကြကုန် သောသူတို့သည် မိမိတို့အား ငါအရှင်မြတ်က (အပြစ်ဒဏ်ပေးတော်မူခြင်းမှ) ဆိုင်ငံ့ထားတော် မူသည်ကို မိမိတို့အဖို့ ကောင်းမြတ်လှပေသည်ဟု အလျင်းမထင်မှတ်ကြချေ။ငါအရှင်မြတ်သည် ယင်းသူတို့အား (အပြစ်ဒဏ်ပေးတော်မူခြင်းမှ) ဆိုင်းငံ့ထားတော်မူသည်မှာ စင်စစ် ယင်းသူတို့သည် အပြစ်ဒုစရိုက်မှုများ၌ ပိုမိုတိုးပွားစိမ့်သောငှာသာလျှင် ဖြစ်ချေသည်။ တဖန်(နောင်တမလွန်ဘဝတွင်လည်း)ထိုသူတို့အဖို့ ဂုဏ်အသရေပျက်စေသော အပြစ်ဒဏ်သည်(အသင့်ပြင်ဆင်ပြီး)ရှိပေ သတည်း။
مَا كَانَ اللَّهُ لِيَذَرَ الْمُؤْمِنِينَ عَلَىٰ مَا أَنْتُمْ عَلَيْهِ حَتَّىٰ يَمِيزَ الْخَبِيثَ مِنَ الطَّيِّبِ ۗ وَمَا كَانَ اللَّهُ لِيُطْلِعَكُمْ عَلَى الْغَيْبِ وَلَٰكِنَّ اللَّهَ يَجْتَبِي مِنْ رُسُلِهِ مَنْ يَشَاءُ ۖ فَآمِنُوا بِاللَّهِ وَرُسُلِهِ ۚ وَإِنْ تُؤْمِنُوا وَتَتَّقُوا فَلَكُمْ أَجْرٌ عَظِيمٌ
အလ္လာဟ်အရှင်မြတ်သည် မသန့်စင်သောသူ(မုနာဖစ်က်)ကို သန့်စင်သောသူ (မုစ်လင်မ်အစစ်အမှန်)နှင့်ခွဲခြားတော်မမူဘဲ မုအ်မင်န်သက်ဝင် ယုံကြည်သောသူအပေါင်းတို့အား (ယနေ့)အသင်တို့ (မုစ်လင်မ်အစစ်နှင့် မုနာဖစ်က်အယောင်ဆောင် မုစ်လင်မ် တို့သည် ရောနှောလျက်ရှိသော)အခြေအနေမျိုးတွင် လွှတ်ထားတော် မူမည်မဟုတ်ပေ။ ထိုနည်းတူစွာ အလ္လာဟ်အရှင်မြတ်သည်(အယောင်ဆောင် မုစ်လင်မ်တို့၏ အမည်နာမ တို့ကို ထုတ်ဖော်ပြသတော်မူခြင်းအားဖြင့်)အသင်တို့အား မျက်ကွယ်၌ရှိသော အကြောင်းအရာများနှင့်စပ်လျဉ်း၍ အသိပေးတော်မူမည်လည်းမဟုတ်ပေ။ သို့ရာတွင်မူကား အလ္လာဟ်အရှင်မြတ်သည် (ယင်းကဲ့သို့သော အကြောင်းကိစ္စများအတွက်) မိမိ၏ ရစူလ်တမန်တော်များအနက်မှအလိုရှိတော်မူသော ရစူလ်တမန်တော်အား ရွေးချယ်(တော်မူ၍ထုတ်ဖော်ပြသရန် လိုအပ်သော အကြောင်းအရာများကိုသာထုတ်ဖော် မိန့်ကြား)တော်မူလေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်(အပေါင်း) တို့ကို ယုံကြည်ကြလေကုန်။ တဖန် အကယ်၍သာ အသင်တို့သည် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိ၍(ပြစ်မှုဒုစရိုက် တို့မှ) ကြဉ်ရှောင်ကြပါမူ (နောင်တမလွန်ဘဝတွင်) အသင်တို့အဖို့ ကြီးကျယ်လှစွာသော အကျိုး ဆုလာဘ်သည် (အသင့်) ရှိလတ္တံ့။
وَلَا يَحْسَبَنَّ الَّذِينَ يَبْخَلُونَ بِمَا آتَاهُمُ اللَّهُ مِنْ فَضْلِهِ هُوَ خَيْرًا لَهُمْ ۖ بَلْ هُوَ شَرٌّ لَهُمْ ۖ سَيُطَوَّقُونَ مَا بَخِلُوا بِهِ يَوْمَ الْقِيَامَةِ ۗ وَلِلَّهِ مِيرَاثُ السَّمَاوَاتِ وَالْأَرْضِ ۗ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ
၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် မိမိကျေးဇူးတော်ဖြင့် ရက်ရောစွာ ပေးသနားတော်မူသော ဥစ္စာပစ္စည်းနှင့်စပ်လျဉ်း၍ စစ်စီစေးနဲကြကုန်သောသူတို့သည် (ယင်းကဲ့သို့)စစ်စီစေးနဲခြင်းသည် မိမိတို့အဖို့ ကောင်းမြတ်သည်ဟူ၍ မထင်မှတ်ကြရာချေ။ စင်စစ်မူကား (ယင်းကဲ့သို့)စစ်စီစေးနဲခြင်းသည် ထိုသူတို့အဘို့ ဆိုးရွားလှပေသည်။ (အဘယ်ကြောင့်ဟူမူ)ထိုသူတို့သည် မုချ ရှင်ပြန်ထမည့်နေ့တွင် မိမိတို့ စစ်စီစေးနဲ(သိုမှီးစုဆောင်း) ခဲ့ကြကုန်သော ဥစ္စာပစ္စည်းများဖြင့် လည်ပင်း၌ ကွင်းစွပ်ခြင်းကို ခံကြရမည် (ဖြစ်သောကြောင့်တည်း)။အမှန်သော်ကား ကောင်းကင်ဘုံ များ၌လည်းကောင်း၊ ပထဝီမြေပြင်၌လည်းကောင်း၊ ရှိရှိသမျှသော အမွေပစ္စည်းအစုစုတို့သည် အလ္လာဟ်အရှင်မြတ် အဖို့သာဖြစ်သည်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်ကြကုန်သော ကိစ္စအရပ်ရပ်တို့ကို အကြွင်းမဲ့ကြားသိ တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
لَقَدْ سَمِعَ اللَّهُ قَوْلَ الَّذِينَ قَالُوا إِنَّ اللَّهَ فَقِيرٌ وَنَحْنُ أَغْنِيَاءُ ۘ سَنَكْتُبُ مَا قَالُوا وَقَتْلَهُمُ الْأَنْبِيَاءَ بِغَيْرِ حَقٍّ وَنَقُولُ ذُوقُوا عَذَابَ الْحَرِيقِ
အလ္လာဟ်အရှင်မြတ်သည် အကြင်သူတို့၏ပြောဆိုသောစကားကို ဧကန်စင်စစ် ကြားတော်မူခဲ့လေပြီ။ ထိုသူတို့က အလ္လာဟ်အရှင်မြတ်သည် ဧကန်မလွဲ ဆင်းရဲတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။ သို့ရာတွင် အကျွန်ုပ်တို့မူကား ပစ္စည်းဥစ္စာကုံလုံကြွယ်ဝပေါများသူများပင် ဖြစ်ကုန်၏ ဟု ပြောဆိုခဲ့ကြလေသည်။ (သို့ပြောဆိုကြသည်ကို ကြားတော်မူသည့်အတိုင်း) ငါအရှင်မြတ်သည် ထိုသူတို့၏ ပြောဆိုချက်နှင့်တကွနဗီတမန်တော်များအား မည်သည့်အခွင့်အလမ်းမျှ မရှိဘဲလျက်(သက်သက်မတရားသဖြင့်) ထိုသူတို့၏ သတ်ဖြတ်ခြင်းကိုပါမုချအမှန် ရေးမှတ်တော်မူအံ့။ တဖန် ငါအရှင်မြတ်သည်(ထိုသူတို့အား ကိယာမတ် ခေါ်ရှင်ပြန်ထမည့်နေ့တွင်) အသင်တို့သည် ဟုန်းဟုန်းတောက်သော ငရဲမီး (တည်းဟူသော)အပြစ်ဒဏ်၏ အရသာကို မြည်းစမ်း ကြလေကုန် ဟု မိန့်ကြားတော်မူလတ္တံ့။

Choose other languages: